ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၂၆

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ဥတ္တရသီရိမြို့နယ်ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေး ရာတာဝန်ခံဒေါ်သီတာထွေး၊ ဥတ္တရသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဇော် လင်းနှင့်တက်ရောက်လာသူများမှ အောက် တိုဘာ ၄ ရက်တွင်ကျင်းပမည့် ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအတွက် ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေး နွေးတင်ပြခြင်း၊ လိုအပ်သည်များကို ဖြည့် စွက်ဆွေးနွေးခြင်း၊ တာဝန်များခွဲဝေခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများဆောင် ရွက်ခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သီတာထွေး၊ လူငယ်တာဝန်ခံ ဦးကျော် ဌေး၊ နေပြည်တော်ခရိုင်နယ်မြေတာဝန်ခံ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ အတွင်းရေးမှူး ဦးသန်း လွင်၊ ဘဏ္ဍာရေးမှူးဦးမောင်စိုးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ပေါ်ဦး(နေပြည်တော်)