မောင်မောင်လွင်ကို ထိုင်းကလပ်အသင်းငါးသင်း ကမ်းလှမ်းထား

ရန်​ကုန်​ယူနိုက်​တက်​အသင်းနှင့်​ မြန်​မာ့လက်​​ရွေးစင်​အသင်း​တောင်​ပံကစားသမား ​မောင်​​မောင်​လွင်​ကို​ခေါ်ယူရန်​ ထိုင်းလိဂ်​ – ၁ ကလပ်​အသင်း ငါးသင်းမှကမ်းလှမ်းထားပြီး ၎င်းအ​နေဖြင့်​လည်း လာမည့်​​ဘောလုံးရာသီတွင်​ ပြည်ပသို့ သွား​ရောက်​ကစားရန်​ ဆန္ဒရှိ​နေ​ကြောင်း ထုတ်​​ဖော်​​​ပြောကြားခဲ့သည်​။

“ကျွန်​​တော့်​ကို ကမ်းလှမ်းထားတဲ့ ပြည်​ပကလပ်​​တွေရှိပါတယ်​ ​​လော​လောဆယ်​​တော့ ထိုင်းလိဂ်​ (၁) ကငါးသင်း​လောက်​ကမ်းလှမ်းထားတယ်​ ​ပြောင်း​ရွှေ့ဖို့အတွက်​က​တော့ ကျွန်​​တော်​မှာ ​အေးဂျင့်​ရှိတယ်​သူက ဂျာမနီနိုင်​ငံသားပါ သူကိုယ်​တိုင်​ ကျွန်​​တော်​အ​ပြောင်းအ​ရွှေ့ကိစ္စကို လုပ်​​နေပါတယ်​ ” ဟု​ ပြောကြားခဲ့သည်​။

မောင်​​မောင်​လွင်​သည်​ ၂၀၁၈ ​ဘောလုံးရာသီတွင်​ ဟံသာဝတီယူနိုက်​တက်​အသင်းမှ ရန်​ကုန်​ယူနိုက်​တက်​အသင်းသို့ ​ပြောင်း​ရွှေ့လာခဲ့ပြီး သုံးနှစ်​စာချုပ်​ချုပ်​ဆိုထား​သော​ကြောင့်​ အသင်း​ပြောင်း​ရွှေ့မည့်​ကိစ္စရပ်​နှင့်​ပက်​သက်​၍ ” ကျွန်​​တော်​ ရန်​ကုန်​ယူနိုက်​တက်​အသင်းကို​ ပြောင်း​ရွှေ့လာတာ ရှစ်​လ​ကျော်​​လောက်​ပဲရှိဦးမယ်​ စာချုပ်​ကသုံးနှစ်​ချုပ်​ဆိုထားတာပါ ဒါ​ကြောင့်​ အသင်း​ပြောင်း​ရွှေ့ဖို့အတွက်​ ရန်​ကုန်​ယူနိုက်​တက်​အသင်း​ပေါ်မှာပဲ မူတည်​ပါတယ်​ ကျွန်​​တော်​က​တော့ ပြည်​ပကို ထွက်​ကစားချင်​တယ်​ ဒါ​ပေမယ့်​ အသင်းကကျွန်​​တော်​ကို ထွက်​ခွင့် မပြုဘူးဆိုရင်လည်း လာမယ့်​ရာသီမှာ ရန်​ကုန်​ယူနိုက်​တက်​အသင်းအတွက်​ပဲ အစွမ်းကုန်​​​ ပေးဆပ်​သွားမှာပါ ” ဟု ​မောင်​​မောင်​လွင်​က​ပြောကြားခဲ့သည်​။

Credit – Original Journal