ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်၏ ဈာပနအခမ်းအနားကျင်းပ

စက်တင်ဘာ ၂၆

ယနေ့မနက်မှာတော့ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ရဲ့ ဈာပနအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ဂူဗိမာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဈာပနအခမ်းအနားမှာ အကြီးအကဲပုဂ္ဂိုလ်တွေ၊ ဗီယက်နမ်ဒေသခံတွေ၊ စစ်သည်တွေဟာ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဂါဝရပြုခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ၊ ၂၇ ရက်မှာတော့ သမ္မတ ကျန်ဒိုင်ကွမ်ကို ၎င်းရဲ့ဇာတိမြေဖြစ်ရာ Ninh Binh ပြည်နယ်မှာ မြုပ်နှံသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၂၁ ရက်မှာ အသက် ၆၁ နှစ်ရှိ ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ဟာ အပြင်းအထန် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သမ္မတ ကျန်ဒိုင်ကွမ်ဟာ နာမကျန်းဖြစ်နေပေမယ့် မကွယ်လွန်ခင် နှစ်ရက်အလိုမှာတောင် အလုပ်ကို ဦးစားပေး လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

“ဘာလို့ သမ္မတကြီးက အနားတောင် မယူခဲ့တာလဲဗျာ။ သူသာ သာမန်လူဆိုရင် သူ့နောက်ဆုံးအချိန်ကို အေးအေးဆေးဆေး ကုန်ဆုံးနိုင်မှာပဲ။”လို့ ဗီယက်နမ်ဒေသခံတစ်ဦးက ပြောပါတယ်။

-Ref: AFP