ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်နယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့ လုံဂါစွပ်ကျေးရွာနှင့် အာလမ်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ စက်တင်ဘာ ၂၄

၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် ပြည်နယ်ခရိုင် မြို့နယ် ပါတီတာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ (၂၄) ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်းရပ်ကွက်၊မြစ်ကြီးနားမြို့ နယ် လုံဂါစွပ်ကျေးရွာနှင့်အာလမ် ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများအားရင်းရင်းနှီး နှီးတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာ၌ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီတာဝန်ရှိသူများက ပါတီ၏မူဝါဒနှင့် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)