အုတ်တွင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင်များကအုတ်တွင်း မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲအောင်နိုင်ရေးအတွက်အမှတ်(၁) နယ်မြေရှိ အောင်နိုင်ရေးအဖွဲ့များ နှင့်တွေ့ဆုံပြီးမဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှ သိန်းကပါတီတွင်းစည်းလုံးညီညွတ် ရန် ပါတီဝင်များအနေဖြင့် အဆင့် အလိုက်အပြန်အလှန်လေးစားကြရန် နှင့်ပါတီအောင်နိုင်ရေးအတွက် ဝိုင်း ဝန်းကူညီဆောင်ရွက်ကြရန် မိမိတို့ ပါတီအောင်နိုင်မှုရရှိပါမှပြည်သူများ တွေ့ကြုံခံစားနေရသောအခက်အခဲ များကို ထိုက်သင့်အားလျော်စွာဖြေ လျှော့ပေးနိုင်မည်ဖြစ်ကြောင်း ဆွေး နွေးပြောကြားခဲ့သည်။