ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုလွှာရရှိခဲ့သူတို့ ပြောကြားခဲ့သည့်အသံများ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု မရင်းကြီးကျေးရွာ၌ စက်တင် ဘာ ၁၈ ရက်က ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုလွှာရရှိခဲ့သူတို့၏ ပြည်သူ့ အကျိုး ဆောင်ရွက်ခဲ့ကြသည့်အခြေအနေများနှင့် ပတ်သက်၍ ပါတီဝင်အင်အားတိုးအောင်ဆောင်ရွက်ပေးခဲ့ကြသူ ဇေယျာသီရိမြို့နယ်ကော်မတီဝင် ဦးဝင်းလွင်ဦးနှင့် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ရပ်/ကျေးစည်းရုံး ရေးမှူး ဦးမောင်ဇော်ဦးတို့ ပြောကြားခဲ့ကြသည့်အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဝင်းလွင်ဦး
မြို့နယ်ကော်မတီဝင်
ဇေယျာသီရိမြို့နယ်
————————-
ကျွန်တော်တို့ဆီမှာကသူ့ပါတီ ကိုယ့်ပါတီဆိုတာ ရှိတာပေါ့။ ဒီလိုအခြေအနေမှာ လူတွေက လုပ်စားကိုင်စားရတာ အဆင်မပြေမှုတွေ ရှိလာတယ်။ အကျပ်အတည်းတွေရှိလာတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့နဲ့ ဒေသခံတွေ ထိတွေ့စကားပြောတာတွေ ရှိလာတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ပါတီထဲကို ဝင်ပြီး ဒီအခက်အခဲတွေကို ကျော်လွှားဖို့ ဝိုင်းဝန်းကြိုးစားကြမယ်ဆိုပြီးတော့ ဒီနေ့ ဒေသခံတွေက ပါတီထဲကို ပါဝင်လာကြတာဖြစ်ပါတယ်။ ဒီလိုပဲ အားလုံးပူးပေါင်းပြီးတော့လုပ်ကြမယ်၊ ပြည်သူလူထုရဲ့အရေးအရာတွေကိုပေါ့။ အဲ့ဒါသူတို့တွေ လိုလိုလားလားနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွန်းအား တိုက်တွန်းမှုတွေကြောင့် သူတို့ပါဝင်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ပါတီဝင်ခန့်အပ်လွှာပေးပွဲအခမ်းအနားကို ပြုလုပ်ဖို့ ပေါ်ပေါက် လာရတာဖြစ်ပါတယ်။ ဒီလိုအခမ်းအနားပြုလုပ်ဖို့အတွက်လည်း မြို့နယ်ပါတီဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီးတော့ လူအင်အား ဘယ်လောက်ရှိတယ်။ လက်ရှိ ကျွန်တော်တို့ဆီမှာ အသစ်ဝင်ချင်တာကတော့ လူဦးရေ ၄ဝဝ လောက်ရှိတယ်။ ဒီလိုဖြစ်တဲ့အတွက် နယ်မြေအသီးသီးမှာရှိတဲ့ ပါတီဝင်ချင်သူတွေ စာရင်းရယူပြီး အားလုံးပူးပေါင်းပြီး စည်းစည်း ရုံးရုံးနဲ့ ကျွန်တော်တို့တစ်တွေ တက်တက်ကြွကြွနဲ့ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူတွေကြားထဲ လိုအပ်ချက်ရှိနေတာတွေကို ဖြည့်ဆည်းပေးတာမျိုးတွေ လုပ်ပါတယ်။ ရွှေကျင် ကျောက်ကြီးဒေသမှာ ပြည်သူတွေ အခက်အခဲတွေအတွက်လည်း ပါတီရဲ့အထောက်အပံ့နဲ့ ကျွန်တော်တို့ စုစု စည်းစည်းနဲ့ ပူးပေါင်းပြီး အလှူခံပြီးရတဲ့ ငွေကြေးတွေနဲ့ ပြည်သူ့အကျိုးဆောင်ရွက်တာမျိုးတွေ၊ နောက် ဆွာ ရေလှောင်တမံကျိုး ပြီးရေလျှံတဲ့အခြေအနေမှာလည်း ကျွန်တော်တို့ပါတီက ထောက်ပံ့ငွေတွေအပြင် ကျွန်တော်တို့ ဒေသတွင်းအလှူခံငွေတွေနဲ့သွားပြီးတော့ ပြည်သူ့အကျိုးတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုမျိုး ပြည်သူအကျိုးတွေ ကို ကျွန်တော်တို့ ပါတီက ဦးဆောင်ပြီး လူမှုကူညီကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်လာတဲ့အပေါ်မှာ ပါတီရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်တဲ့အတွက် ပြည်သူက စိတ်ဝင်စားမှုတွေ ရှိလာပြီးတော့ အခုလို ပါတီဝင် အသစ်တွေအဖြစ် ပါဝင်လာကြတာဖြစ်ပါတယ်။ ဒီ အခုပူးပေါင်းပါဝင်လာတဲ့ ပါတီဝင်တွေနဲ့ ကျွန်တော်တို့ စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူလူထုအကျိုးကို ဒီထက်မက ဆတက်ထမ်းပိုးဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ပြောသည်။

————————————————————————————-

ဦးမောင်ဇော်ဦး
ခေတ်အေးကျေးရွာအုပ်စု
ဇေယျာသီရိမြို့နယ်

——————————
ကျွန်တော်က ခေတ်အေးကျေးရွာအုပ်စုကပါ။ ကျွန်တော်ဒေသခံ ပြည်သူတွေအကျိုး နောက်အခက်အခဲ ကြုံတွေ့ နေကြတဲ့ ဘယ်လိုနေရာကိုမဆို လူငယ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ပြည်သူ့အကျိုးကို ဆောင်ရွက်ပါ တယ်။ ကျွန်တော်တို့အဖွဲ့က ရပ်ကျိုး၊ ရွာကျိုး၊ သာရေး၊ နာရေးအစရှိသဖြင့်ပေါ့။ ဒါ့အပြင် အများပြည်သူ သွားလာတဲ့လမ်းတွေ ပျက်စီးနေတာကအစ၊ ကျေးရွာထဲမှာရှိတဲ့ လူငယ်တွေနဲ့ ပူးပေါင်းပြီး တက်တက်ကြွကြွနဲ့ ကျွန်တော်တို့လုပ်ကြပါတယ်။ နောက်ရေဘေးဆိုက်ရောက်တဲ့ ဒေသတွေကိုလည်း ကျွန်တော်တို့ အလှူကောက်ခံ ငွေတွေ၊ ပါတီက မတည်ငွေတွေနဲ့ သွားရောက်ပြီးတော့ တတ်အားသမျှ သွားရောက်လှူဒါန်းကြပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ ပြည်သူတွေက သဘာဝဘေး ဆိုက်ရောက်တာတစ်မျိုးတည်းကို ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ဒေသတွင်း စီးပွားရေးဖြစ်တဲ့ ပဲ၊ နှမ်း၊ ပြောင်း၊ စပါးစိုက်ပျိုးတဲ့အခြေအနေတွေမှာ တောင်သူတွေမှာ နစ်နာမှု တွေရှိပါတယ်။ စပါးဈေးဆိုရင် တောင်သူလက်ထဲမှာ ဈေးမရှိခဲ့ပါဘူး။ ကုန်သည်လက်ထဲရောက်မှ ဈေးမြင့် သွားတာပါ။ ဒီလိုဖြစ်တဲ့အခါ တောင်သူတွေဟာ ပင်ပန်းဆင်းရဲခံပြီး နေပူမိုးရွာမရှောင် လုပ်ကိုင်ခဲ့ကြသော်ငြား လည်း သူတို့အတွက် အကျိုးအမြတ် မကျန်ပါဘူး။ ဒါကြောင့် ဒီလိုကဏ္ဍတွေမှာက အစပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေနဲ့ပူးပေါင်းပြီးတော့ ဘယ်လိုမျိုး ကူညီဆောင်ရွက်ပေးလို့ရမလဲ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မလဲပေါ့။ ဒီလိုမျိုးတွေကို ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့ ဆောင်ရွက်ကြတာပါ။ နောက်နောင် ကိုလည်း ကျွန်တော်တို့တစ်တွေ အားလုံးပူးပေါင်းမှု အင်အားရယူပြီး ရှေ့ဆက်ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်” ဟုပြောသည်။

သာလှ (ပျဥ်းမနား)