နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

နွားထိုးကြီး၊ စက်တင်ဘာ ၁၈

နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၁၈) ရက်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်ဖေက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲတွင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းလေးစောင်ကို ဖတ်ကြားတင်ပြပြီး အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်များ၊ ဆုံးဖြတ်ချက်ချခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ သည်။
အဆိုပါအခမ်းအနားသို့ မြင်းခြံခရိုင် စည်းရုံးရေးတာဝန်ခံ ဦးမြတ်သူ၊ ပါတီဥက္ကဋ္ဌ ဦးကြည်ဖေနှင့် ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်