ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး သတင်းထုတ်ပြန်ရေးအဖွဲ့ မြို့ခံသတင်းမီဒီယာများနှင့် မိတ်ဆက်တွေ့ဆုံ

 

မန္တလေး ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မန္တလေးတိုင်းဒေသကြီး သတင်း ထုတ်ပြန်ရေးအဖွဲ့အား မန္တလေးမြို့ခံ သတင်းမီဒီယာများနှင့် မိတ်ဆက်တွေ့ဆုံ သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲအထိ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မန္တလေးတိုင်းဒေသကြီး သတင်း ထုတ်ပြန်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ရသည့် အကြောင်းအရင်းမှာ မီဒီယာဌာနအသီးသီး အနေဖြင့် တိုင်းဒေသကြီးပါတီနှင့်သက် ဆိုင်သော သတင်းအချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ရန်အတွက် ပါတီဌာနချုပ်၏ လမ်းညွှန် ချက်များနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မန္တလေးတိုင်းဒေသကြီး ပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပါဝင်သူ များအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပြီး နောက် တိုင်းဒေသကြီးပါတီသတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် တိုင်း ဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင် ကျော်မိုးက မန္တလေးမြို့ခံ မီဒီယာဌာန အသီးသီးမှ တာဝန်ရှိသူများအား ရင်းရင်း နှီးနှီး မိတ်ဆက်တွေ့ဆုံစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင် တိုင်း ဒေသကြီးပါတီ ကော်မတီဝင်ဦးကျော်စန်း က တိုင်းဒေသကြီးပါတီအနေဖြင့် လက်ရှိ လှုပ်ရှားလုပ်ကိုင်နေသော ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပြီးနောက် တိုင်းဒေသကြီးပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဇော်အောင်ထက်က တိုင်း ဒေသကြီးအတွင်း ပါတီမှ ဆန်ရောင်းချ နေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဝါဝါလှိုင်က တိုင်းဒေသကြီးအတွင်း ပါတီမှ ပြည်သူလူထုအား အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီမင်းက တိုင်းဒေသကြီးအတွင်း ပါတီ၏ ရာသီအလိုက်လှုပ်ရှားဆောင်ရွက် ပေးနေမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မြအေးလှိုင်က တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍ လှုပ်ရှားဆောင်ရွက်ပေး နေမှုအခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဦးတင်မင်းမြတ်ဦးက တိုင်းဒေသကြီး အတွင်း လူငယ်ကဏ္ဍ လှုပ်ရှားဆောင်ရွက် ပေးနေမှုအခြေအနေများအားလည်းကောင်း မန္တလေးမြို့ခံမီဒီယာအား အသီးသီးရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးမြို့ခံ မီဒီယာများ က သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ပါတီသတင်းထုတ်ပြန်ရေး အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်မိုး ဦးဆောင်သည့် အဖွဲ့ဝင်များက အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေး၍ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ပြုလုပ်သော တွေ့ဆုံပွဲအခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မန္တလေးတိုင်းဒေသကြီး သတင်း ထုတ်ပြန်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်စန်း၊ အဖွဲ့ဝင် နှင့် တိုင်းဒေသကြီးပါတီ ပြောရေးဆို ခွင့်ရှိသူများဖြစ်ကြသော ဒေါ်ဝါဝါလှိုင်၊ ဦးညီညီမင်း၊ ဦးဇော်အောင်ထက်၊ ဦးတင် မင်းမြတ်ဦး၊ ဒေါ်မြအေးလှိုင်နှင့် မန္တလေး မြို့ခံမီဒီယာသမားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သုတ(မန္တလေး)