လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အင်းတိုင်ကျေးရွာ ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် မြို့နယ်ကော်မတီဝင် ကိုးဦးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ ဇေယျာမြင့်ရပ်ကွက်သို့ ရောက်ရှိပြီး ဦးကျော်သာ ၏နေအိမ်တွင် ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိအခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီး ရပ်ကွက်ပြည်သူများမှ ပါတီဝင်အဖြစ် လျှောက်ထားတင်ပြလာသည့် အဆိုပြုလွှာ ၆၈ စောင်အား လက်ခံခဲ့သည်။

ထို့နောက် ပါတီဝင်အင်အား တိုးတက်ရရှိရေးအတွက် စည်းရုံးဆောင်ရွက်ပေးကြရန်ဆွေးနွေးမှာကြားပြီး ရပ်ကွက် အတွင်း ပါတီဝင်များ၏နေအိမ်များသို့ ကွင်းဆင်းတွေ့ဆုံကာ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာသွားခဲ့ ကြောင်း သိရသည်။

တင်အောင်(လှည်းကူး)