သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ပြည်ခိုင်ပါတီ ရုံးတွင် စက်တင်ဘာ (၁၃) ရက်နေ့ မွန်း တည့် ၁၂နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီကော်မတီဝင်များက မိမိတို့နယ်မြေတိုက်နယ်အလိုက် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းအခြေအနေများနှင့် ဆောင်ရွက်နေမှုများကို တင်ပြကြပြီး ဆွေးနွေးညှိနှိုင်းကာ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပါတီစည်ရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ တိုက်နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။