Vogue မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးရှင်တွေဖြစ်လာတဲ့ ဘတ်ခမ်း မိသားစု

ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘတ်ခမ်းနဲ့ ဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခမ်း တို့ မိသားစုဟာ လတ်တလောမှာတော့ နာမည်ကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Vogueမဂ္ဂဇင်းကြီးအတွက် မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူး ပေးခဲ့တာဖြစ်ပြီး ယင်းမဂ္ဂဇင်းမျက်နှာ ဖုံးဓာတ်ပုံတွေကိုပါ အီးအွန်လိုင်းဒေါ့ကွန်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီဓာတ်ပုံတွေမှာတော့ မိသားစုဝင် ခြောက်ဦးပါဝင်တဲ့ ဘတ်ခမ်းမိသားစုဟာ လယ်ကွင်းထဲမှာ အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ တာကိုလည်း တွေ့မြင်ရမှာပါ။ ဟောလိဝုဒ်ရဲ့ အိမ်ထောင် သက်ကြာမြင့်တဲ့ ကြယ်ပွင့်စုံတွဲ တစ်တွဲဖြစ်တဲ့ ဘတ်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ မိသားစုပုံစံကိုလည်း ဒီဓာတ်ပုံတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာ မိသားစုဝင်တစ်ဦးစီဟာ ဖက်ရှင်ကျကျ လှပ နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေထဲက တစ်ပုံမှာ ကြယ်ပွင့် မောင်နှံအပြင် ရင်သွေးလေးတွေဖြစ်ကြတဲ့ အသက် ခုနစ်နှစ်အရွယ်ဟာပါ၊ ၁၃ နှစ်အရွယ် ခရုဇ်၊ ၁၆ နှစ်အရွယ် ရိုမီယိုနဲ့ ၁၉ နှစ်အရွယ် ဘရွတ်ခ်လင်း တို့ကိုလည်း ရေကစားရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒီမဂ္ဂဇင်းမျက်နှာ ဖုံးကိုတော့ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘတ်ခမ်း တို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောလာ ဟလတွေပေါ်ထွက်လာခဲ့ပြီး နှစ်လခန့်အကြာမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတော့ ဒေးဗစ်ဘတ်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးတွဲသွားတွဲလာလုပ်လာတာကို တွေ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကလည်း ကြယ်ပွင့်မောင်နှံဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ အခမ်းအနားတစ်ခုကို အတူတွဲကာ တက်ရောက်ခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားက မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာတော့ မီဒီယာ စာမျက်နှာတွေပေါ်မှာ သူတို့ နှစ်ဦးအကြောင်းကို စွပ်စွဲကာ အကြောင်းအရာ တစ်ရပ်အဖြစ် ရေးသားဖော်ပြလာခဲ့ကြတာ နှစ် ၂ဝ ခန့်ရှိနေပြီဖြစ်ကြောင်း ကောလာဟလတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့တယ် လို့လည်း သိရပါတယ်။

Ref: Sky sports