ဆွီဒင်နိုင်ငံသား ဟန်နရစ်စတန်ဆင် အိုးပင်း ၂၀၁၆ ချန်ပီယံဖြစ်လာ

Sports_1

ဗြိတိန်နိုင်ငံ ရွိုင်ယမ်သရွန်းဂေါက်ကွင်း၌  ကျင်းပ ခဲ့သော The Open 2016 ဗိုလ်လု ပွဲတွင် ဆွီဒင်နိုင်ငံသား ဟန်းနရစ် စတန်ဆင်က မိုက်ကယ်ဆင်ကို အချက် ၂၀ လျှော့ရိုက်ပြီး ပထမဆုံးအဓိကချန်ပီယံဆု ရရှိခဲ့သည်။

စတန်ဆင်သည် စံချိန်တင် ရိုက်ချက်အဖြစ် အချက် ၂၀ လျှော့ရိုက်ပြီး သုံးချက်အသာဖြင့် Open ချန်ပီယံ ဖြစ်လာပြီးနောက် မိုက်ကယ်ဆင်ကြောင့် မိမိအနိုင်ရရန် တွန်းအားဖြစ်စေခဲ့သည်ဟု ပြောသည်။

‘‘အဲဒါတကယ်ကြီးကျယ်တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်ကြိုးစားမြဲ ကြိုးစားရမယ်ဆိုတာ တွေးထား ပြီး ပြိုင်ခဲ့ပါတယ်’’ဟု ၂၀၁၃ က မိုက်ကယ်ဆင်ကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ဖူးသူ စတန်ဆင်ကပြော ကြားသည်။

အဓိကပြိုင်ပွဲများတွင် ဒုတိ ယတစ်ကြိမ်နှင့် တတိယလေး ကြိမ်ရခဲ့ဖူးသော စတန်ဆင်က မိုက်ကယ်ဆင်ကဲ့သို့ ပြိုင်ဘက် ကို အနိုင်ရခဲ့ခြင်းမှာ ထူးခြားသော နိုင်ပွဲဟု ပြောသည်။

မိုက်ကယ်ဆင်သည် လွန်ခဲ့ သော နှစ် (၂၀)အတွင်း အကောင်းဆုံးဂေါက်သီးရိုက်သမားဖြစ် သောကြောင့် ၎င်းကို အနိုင်ရ ပြီး ချန်ပီယံဖြစ်ရခြင်းအတွက် အ လွန်ဝမ်းသာမိသည်ဟု စတန်ဆင်က ပြောသည်။

ကမ္ဘာ့အဆင့်သတ်မှတ် ချက် ပဉ္စမနေရာသို့ ရောက်လာမည့် စတန်ဆင်က နောက်ထပ် အဓိက ဆုဖလားများ ရယူလိုသေးသည်ဟု ပြောသည်။

အမေရိကန်ဂေါက်သီးရိုက် ချန်ပီယံ မိုက်ကယ်ဆင်ကမူ စတန်ဆင်သည် အမှန်တကယ်ကြီး ကျယ်သော ချန်ပီယံ ဖြစ်သည်ဟု ပြောသည်။

—Ref:BBC


Leave a Reply