တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ပါတီဝင်များ ရပ်ကျေးကော်မတီများဖြင့် သွားရောက်တွေ့ဆုံ

 

ဇီးကုန်း စက်တင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကျေး ရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု များပြုလုပ်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးထူးခိုင်၊ မြို့နယ်ပါတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံနှင့်လူငယ် မောင်မယ်များ၊ နယ်မြေတာဝန်ခံ ဦးဇော်ထွဋ်တို့သည် စပါယ်မြောင် အုပ်စု စပါယ်မြောင်ရွာ၊ လှေပု ကုန်းရွာ၊ အလယ်ကုန်းရွာ၊ တောင် ရေကန်ရွာတို့ကို တောင်ရေကန် ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံ ပြီး ဒေသဖွံ့ဖြိုးရေးနှင့်ပါတီရေးရာ ဆောင်ရွက်မှုများကို ဆွေးနွေး ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

စိုးသစ္စာ(ဇီးကုန်း)