ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) ဒုတိယနေ့ဆက်လက်ကျင်းပရွေးချယ် အတည်ပြုသည့်ဥက္ကဋ္ဌနှင့်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကတိသစ္စာပြု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ညီလာခံခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့နှင့် အတွင်းရေးမှူးများကို ပြန်လည်ဖွဲ့စည်းရွေးချယ်ခဲ့ပြီး ရွေးချယ်အတည်ပြုသည့် ဥက္ကဋ္ဌနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက ကတိသစ္စာပြုခဲ့ကြသည်။
ဒုတိယအကြိမ်ပါတီညီလာခံ (၂ဝ၁၆)ဒုတိယနေ့ အခမ်းအနား နံနက်ပိုင်းတွင် သဘာပတိအဖြစ် ဦးအုန်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးဝေ လွင်တို့ကဆောင်ရွက်ခဲ့ပြီး အခမ်း အနားမှူးအဖြစ် ဒေါက်တာ မောင် မောင်ဌေးနှင့် ကရင်ပြည်နယ်မှ ဦးစန်းကိုတို့ကဆောင်ရွက်ခဲ့သည်။
ယင်းနောက် ရွေးချယ်တင် မြှောက်ပွဲကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌဦးဌေးဦးက ဗဟိုကော်မတီ ဝင်များ၊ အရန်ဗဟိုကော်မတီ ဝင်များ ရွေးချယ်တင်မြှောက်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားရာတွင် ”ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရပ်ကွက်/ကျေးရွာအဆင့်ကစပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် မျက်နှာစုံညီအစည်းအဝေးများကို သတ်မှတ်ကာလများမှာ တစ်ဆင့် ပြီးတစ်ဆင့်အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ကြတာ အခုဆိုရင် ပါတီ မျက်နှာစုံညီအစည်းအဝေးကြီး ကျင်းပနိုင်ခဲ့တဲ့အဆင့်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။အဆင့်ဆင့်သော မျက်နှာစုံညီအဆင့်ဆင့်နှင့် ပြန် လည်ရွေးချယ်ဖွဲ့စည်းရေးများမှာ ပါတီက ထုတ်ပြန်ထားတဲ့လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် သောကော်မတီများအလိုက် ပြန် လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီများဖွဲ့စည်းပြီး ဆန္ဒပြု ရွေးချယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များက ပါတီညီလာခံ(၂ဝ၁၆)ကို တက် ရောက်မည့်ကိုယ်စားလှယ်များကို လည်း ရွေးချယ်ခဲ့ပြီးဖြစ်ပါ တယ်”ဟု ပြောကြားသည်။
ဆက်လက်၍ ၄င်းကအဆင့် ဆင့်သော မျက်နှာစုံညီအစည်း အဝေးနှင့်ပြန်လည်ရွေးချယ်ဖွဲ့စည်း ရေးများတွင် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မရှင်များ ဆောင်ရွက်ခဲ့သကဲ့သို့ပါတီညီလာခံ ကျင်းပချိန်မှစ၍ ပြီးမြောက် အောင်မြင်ချိန်အထိ အောင်မြင်ချော မွေ့စွာဆောင်ရွက်နိုင်ရန် ရွေးချယ် တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မ ရှင်နှင့် ပါတီပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ တို့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဗဟိုကော်မတီဝင်၊ အရန် ဗဟိုကော်မတီဝင်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ်ရ မည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရည်အချင်းများကိုလည်း ကြို တင်ရှင်းလင်းပြောကြားထားပြီးဖြစ် ကြောင်း၊ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ ရွေးချယ်ရာ တွင် အဓိကကျသည့်အချက်အချို့ ကို ထည့်သွင်းစဉ်းစားနိုင်ရန် ထပ်မံ တင်ပြလိုကြောင်းပြောကြားသည်။
”ပထမအချက်ကတော့ ပါတီ အပေါ်ယုံကြည်သက်ဝင်မှု၊ သစ္စာ စောင့်သိမှုဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ကာယကံရှင်ရဲ့ဆန္ဒ ဖြစ်ပါတယ်။ တတိယအချက်က တော့ တာဝန်ယူဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိမှုဖြစ်ပါတယ်။ စတုတ္ထ အချက်ကတော့ ပါတီဝင်များရဲ့ သဘောထားဖြစ်ပါတယ်။ ပဉ္စမ အချက်ကတော့ ပြည်သူလူထု အကြည်ညိုပျက်စေတဲ့ပြည်သူလူထု အတွင်း စည်းရုံးမှုထိခိုက်စေနိုင်တဲ့ အချက်များနှင့်လွတ်ကင်းဖို့ဖြစ်ပါ တယ်။ဆဋ္ဌမအချက်ကတော့ အခြေ အနေပေးမှုဖြစ်ပါတယ်”ဟု ရွေး ချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော် မရှင်ဥက္ကဋ္ဌဦးဌေးဦးက ပြောသည်။
ထို့နောက်သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်ပါတီ ကော်မ တီများက ပါတီညီလာခံသို့ တိုင်း ဒေသကြီး/ပြည်နယ် အလိုက် အမည်စာရင်းများ တင်သွင်းခဲ့ပြီး နောက် ပါတီပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းရေးဗဟိုကော်မတီနှင့် ပါတီရွေးချယ် တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်က စိစစ် အတည်ပြုထားသည့် ဗဟိုကော်မ တီဝင်၊ အရန်ဗဟိုကော်မတီဝင်များ ၏အမည်စာရင်းအား ပါတီရွေး ချယ်တင်မြှောက်ရေး ကြီးကြပ်ရေး ကော်မတီက ပါတီညီလာခံသို့တင် သွင်းခဲ့ပြီး သဘာပတိက ညီလာခံ ၏သဘောထားရယူ၍ အတည်ပြု ကြေညာခဲ့သည်။
ဆက်လက်၍ ဗဟိုကော်မတီ ဝင်များ၊အရန်ဗဟိုကော်မတီဝင်များ အတွင်းမှ ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ နှင့် ပါတီရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးကော်မရှင်မှ ရွေးချယ် ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်ထားသည့် ဗဟိုအလုပ် အမှုဆောင် အမည်စာရင်းကို ရွေး ချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင်မှ ပါတီညီလာခံသို့ တင်သွင်းခဲ့ပြီး သဘာပတိက ညီ လာခံ၏သဘောထားရယူ၍အတည် ပြုကြောင်း ကြေညာခဲ့သည်။
ဒုတိယအကြိမ် ပါတီညီလာခံ (၂ဝ၁၆)ဒုတိယနေ့ မွန်းလွဲပိုင်းတွင် သဘာပတိအဖြစ် ဦးတင်ထွတ်၊ ဦးစိုးနိုင်၊ဦးရဲမြင့်တို့က ဆောင်ရွက် ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီက ရွေးချယ်ထားသည့် ပါတီဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ၊အထွေ ထွေအတွင်းရေးမှူးတို့နှင့် အတွင်း ရေးမှူးများ၏ အမည်စာရင်းကို ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင်က ပါတီညီလာခံသို့ တင်သွင်းခဲ့ကာ သဘာပတိက ညီ လာခံသို့တင်သွင်းခြင်းကို အတည် ပြုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့ သည်။ထို့နောက်ညီလာခံကအတည် ပြုထားသည့်ပါတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီ ဝင်များ၊ ညီလာခံကိုယ်စားလှယ် များက ကတိသစ္စာပြုခဲ့ကြသည်။

Union daily


Leave a Reply