သံတွဲခရိုင် မြို့နယ် ပါတီ ရခိုင်ရိုးရာ လူငယ်အားကစားပြိုင်ပွဲများ ကျင်းပ

 

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင် မြို့နယ်များမှ ရခိုင်ရိုးရာ လူငယ်အားကစားပြိုင်ပွဲ များကို မြို့နယ်ပါတီရုံးရှေ့ မြက် ခင်းပြင်၌ ဇန်န၀ါရီ (၄) ရက့် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲများတွင် ဆုအသီး သီးရရှိခဲ့သော ပြိုင်ပွဲဝင်လူငယ် များအား ယမန်နေ့နံနက် ၁၁ နာရီ က ဆုပေးပွဲအခမ်းအနားပြုလုပ် ရာ အဆိုပါဆုပေးပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်(အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသောရခိုင်ပြည်နယ် ပါတီအတွင်းရေးမှူးဦးသန်းဝေ၊ ရခိုင် ပြည်နယ်ကော်မတီဝင် ဦးထွေးလှ (နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာ ကော်မတီဝင်)၊ ဦးလှထွန်းဦး (ပါတီ ဌာနချုပ်လူငယ်ရေးရာကော်မတီဝင်)၊ ဦးရဲထွဋ်အောင် (ပါတီဌာနချုပ် သတင်းမီဒီယာကော်မတီဝင်)၊ ဦးဆလိုင်းခွဲယန်(နိုင်ငံရေးနှင့်တိုင်း ရင်းသားရေးရာကော်မတီဝင်)၊ ဒေါ်ခင်ရွှေမြင့်(ဌာနချုပ်အမျိုးသမီး ရေးရာ တွဲဖက်တာဝန်ခံ)၊ ရခိုင်ပြည်နယ် ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦးနှင့် သံတွဲခရိုင် မြို့နယ်ကော်မတီဝင် များတက်ရောက်၍ ဆုများချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။

နေချိုသွေး