မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လေးအိမ်စုကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇူလိုင် ၃ဝ

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲ များကို စဉ်ဆက်မပြတ်ကျင်းပ လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီထိ မအူပင် မြို့ နယ် လေးအိမ်စုကျေးရွာအုပ်စုနယ် မြေ(၁၅)ရှိ ပါတီဝင်ဦးသိန်းမောင် နေအိမ်တွင်ပါတီဝင်များနှင့်တွေ့ဆုံ ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ ဧရာဝတီတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီကော် မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းအပါအဝင် တာဝန်ရှိ သူများက မိမိတို့ပြည်ခိုင်ဖြိုးပါတီ ၏ဆောင်ရွက်ခဲ့မှုများ၊ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိဆောင် ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ လက်ရှိ မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်နေ သောအခြေအနေများကို တင်ပြ ဆွေးနွေးခြင်း၊ ဒေသခံပြည်သူများ က သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည် ခိုင်ဖြိုးပါတီ ကော်မတီဝင်ဦးဝင်း ကျော်ကျော်၊ မအူပင်မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊လေးအိမ်စုကျေးရွာပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် ကျေးရွာ ပါတီကော်မတီဝင်များ၊ ကျေးရွာ လူငယ်ရေးရာအဖွဲ့ဝင်များ၊ ကျေး ရွာအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရွာမိရွာဖများနှင့် ဒေသခံပါတီဝင် လုပ်သားပြည်သူများတက်ရောက် ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)