မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

မိုးကောင်း ဇူလိုင် ၃ဝ

ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ ၁၃၈ဝ ပြည့်နှစ် စုပေါင်းဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကိုယနေ့ နံနက် ၉ နာရီခွဲက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ ကျင်းပရာ မိုးကောင်းမြို့သောင်ဦး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဓမ္မသာရ အမှူးပြုသည့် ပင့်သံဃာ တော်ငါးပါြး<ွကရောက်ချီးမြှင့်တော် မူပြီး မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများနှင့်ကော်မ တီဝင်များ၊အလှူရှင်များနှင့်ပါတီဝင် များတက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင်တက်ရောက် လာကြသူများကသောင်ဦးကျောင်း တိုက် ဆရာတော်ဘဒ္ဒန္တဓမ္မသာရ ထံမှငါးပါးသီလခံယူဆောက်တည် ကာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ နှင့် အလှူရှင်များက သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း ကြပြီး သံဃာတော်များက ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့် တော်မူကြသည်။

ထို့နောက် သောင်ဦးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသာရ အရှင်သူမြတ်က’ ဘုရားပေးသော ဥပမာ’ တရားတော်ကို ဟောကြား တော်မူပြီး တက်ရောက်လာကြသူ များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာသံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)