ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇူလိုင် ၃ဝ

ကနီမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် ကော်မတီဝင်များသည် ကနီမြို့ နယ်၊ ကနဲကျေးရွာ ပါတီဥက္ကဋ္ဌ နေအိမ်၌ ရပ်/ကျေး ကော်မတီဝင် များ၊ ရပ်မိ/ရပ်ဖများနှင့်သွား ရောက် တွေ့ဆုံခဲ့သည်။

ယခုလ ၂၈ ရက် မွန်းတည့် ၁၂နာရီက ကနီမြို့နယ် ကနဲအုပ်စု ကနဲကျေးရွာ ပါတီဥက္ကဋ္ဌနေအိမ်၌ ရပ်/ကျေးကော်မတီဝင်များ၊ရပ်မိ/ ရပ်ဖများနှင့်သွားရောက်တွေ့ဆုံပြီး ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ၊စီးပွားရေး၊ဘာသာ ရေး အခြေအနေများကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။ ဆက် လက်၍ မိမိတို့ပါတီအနေဖြင့် ယခု ဖြစ်ပေါ်နေသောအခြေအနေများကို အကောင်းဆုံးဖြစ်အောင် စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ရန် လိုကြောင်း၊လူမှုရေး၊တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ၊ ပြည်သူများ က ထားရှိရမည့်သဘောထားများ၊ ဆောင်ရွက်ရမည့်လုပ်ငန်စဉ်များကို ပါတီနာယက ဦးရှိန်၊ ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းတို့က ရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာသူ များအား ပြည်ထောင်စုနေ့စဉ် သတင်းစာများကိုဖြန့်ဝေခြင်းများ ပြုလုပ်ပြီး မွန်းလွဲ ၂နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

အောင်မျိုးထွန်း(ကနီ)