ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်း စစ်တောင်းမြစ် ကမ်းပါးရှိ ရေဘေးသင့်ရွာများသို့ သွားရောက်လှူဒါန်း

 

စက်တင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီး ဒေါ်မြင့်မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်း ငွေများစုပေါင်းကာ ဖြူးမြို့နယ် အတွင်း စစ်တောင်းမြစ်ရေလျှံမှု ကြောင့် ရေဘေးဒုက္ခခံစားနေကြ ရသော သစ်ခြောက်ခင်ကျေးရွာ အုပ်စု ကမ်းနားမြိုင်ရွာနှင့် ရှားပင် ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝ ကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်း မာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် မြို့နယ်အမှု ဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များအဖွဲ့က ယမန် နေ့ နံနက်တွင်မိသားစုများ လက် ဝယ်အရောက် သွားရောက်လှူ ဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆွေဝင်း(ရွှေအင်း)