မြောက်ဥက္ကလာပမြို့နယ်ပြည် ခိုင်ဖြိုးပါတီ မိုးရာသီသွေးလွန် တုပ်ကွေးကာကွယ်ရေး အမက (၆)တွင်ဆောင် ရွက်

 

ရန်ကုန် စက်တင်ဘာ ၃

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မိုး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊မြို့နယ်၊ရပ်ကွက်လူငယ်များ၊ အမျိုး သမီးတာဝန်ခံများစုပေါင်း၍ အင်အား၄၅ဦးက ယနေ့နံနက်၈နာရီ မှစတင်၍ (ဂ)ရပ်ကွက် အမက(၆) စာသင်ကျောင်းအတွင်းအပြင် ခြင်ဆေးဖျန်းခြင်း၊ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြသည်။

စုပေါင်းလုပ်အားပေးဆောင်ရွက်ခြင်းကို ရပ်ကွက်နေပြည် သူများနှင့် ကျောင်းသားမိဘများက ကျေးဇူးတင်ဝမ်းမြောက်ကြပြီး ပြည်ခိုင်ဖြိုးလုပ်အားပေး အဖွဲ့အား အချိုရည်များ၊ ရေသန့်ဘူးများ လှူဒါန်းမှုပြုကြကြောင်းနှင့် ခြင်ဆေးဖျန်း၊ ကျောင်းသန့်ရှင်းရေးပြု လုပ်ခြင်းကို နံနက် ၁၁ နာရီခွဲတွင် ပြီးမြောက်ကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)