မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂၀၁၇/၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပါတီကော်မတီဝင်အဆင့်အဆင့်တို့၏ သားသမီးများအား ဂုဏ်ပြုဆုချီမြှင့်ပွဲအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသည့် ၂၀၁၇/၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီကော်မတီဝင်အဆင့်ဆင့်တို့၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား (၃၁.၇.၂၀၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့်၎င်းတို့၏မိဘများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုများပေးအပ်ခဲ့ကာ (၆)ဘာသာဂုဏ်ထူးရှင်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် တစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊နှစ်ဘာသာဂုဏ်ထူးရှင်(၅)ဦး၊သုံးဘာသာဂုဏ်ထူးရှင်(၅)ဦး၊လေးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ငါးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့်ခြောက်ဘာသာ ဂုဏ်ထူးရှင်(၁)ဦး စုစုပေါင်း(၃၅)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။