ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းစဉ်ဆက်မပြတ်ဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရွာသာကြီး ရပ်ကွက်သို့ ပါတီဝင်အင်အားစိစစ် ခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးဦးဆောင်၍ အတွင်းရေးမှူး ဦးထွန်းလွင်၊ စီမံ ရေးရာတာဝန်ခံဦးမြင့်အောင်၊ မြို့နယ်လူငယ်အဖွဲ့ဝင်များနှင့်အတူ ရွာသာကြီးရပ်ကွက်ပါတီဥက္ကဋ္ဌဒေါ်နီ နီမြိုင်နှင့် ပါတီကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစတင် ကာနယ်မြေကွင်းဆင်းခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ် ပါတီမှ တာဝန်ရှိသူများနှင့်ရပ်ကွက် ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)