၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

#ဦးစိန်ရွှေမင်း ဟု ခေါ်ပါသည်။မင်းဘူး/စကုမြို့နယ်
ရေပုတ်ကျေးရွာမှ အဖဦးသာအိ-အမိဒေါ်တင်ရှိန်တို့မှ
မွေးဖွားခဲ့ပါသည်…။ယနေ့ ရေပုတ်ကျေးရွာတွင်နေထိုင်
သူဖြစ်ပါသည်…။
အလယ်တန်းဆင့်နှင့်အထက်တန်းဆင့်ကို စကုမြို့အထက်
တန်းကျောင်းတွင်အောင်မြင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာ
အရည်ချင်းစစ်တန်းကိုမကွေးတက္ကသိုလ်မှအောင်မြင်ခဲ့ပါသည်…။
မကွေးတက္ကသိုလ် အချိန်ပိုင်းနည်းပြဆရာအဖြစ်
(၂)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်…။
၁၉၈၈ အရေးအခင်းကြောင့် ကျောင်းသုံးနှစ်ပိတ်
ထားချိန်တွင်ဥပဒေပညာစိတ်ဝင်စားပြီး ရှေ့နေဖြစ်ချင်
သူပီပီအထက်တန်းရှေ့နေပညာကိုသင်ယူခဲ့ပါတယ်…။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်
မြို့နယ်ကော်မတီဝင်၊မြို့နယ်တွဲဖက်အတွင်းရေးမှူး
ခရိုင်ကော်မတီဝင်အဖြစ်တာဝန်အဆင့်ဆင့်ကိုထမ်း
ဆောင်ခဲ့ပြီး လက်ရှိခရိုင်အတွင်းရေးမှူးတာဝန်ထမ်း
ဆောင် နေသူဖြစ်ပါသည်…။
ဆင်းရဲမှု့လျှော့ချရေးနှင့်ကျေးရွာများပြန်လည်ထူထောင်
ရေးနှင့်ပါတ်သက်ပြီးလေ့လာရေးခရီးကို တရုတ်နိုင်ငံရှိမြို့
များနှင့်ကျေးရွာအများအပြား သို့သွားရောက်လေ့လာခဲ့သူ
ဖြစ်ပါသည်…။
အသက်အရွယ်ပညာအရည်အချင်းအတွေ့အကြုံ လေ့လာသင်ယူမှု
တက်ကြွစွာဆောင်ရွက်နိုင်မှု့အစစအရာရာအကောင်းဆုံးဖြစ်အောင်
ရွေးချယ်ထားပါသည်…။
ဦးစိန်ရွှေမင်းဟာ ၂၀၁၀မှ၂၀၁၅အထိ ပြည်ခိုင်ဖြိုးပါတီ
တာဝန်ယူစဉ်ကာလ လွှတ်တော်ကိုယ်စားလှယ်များပြည်သူ့
လိုအပ်ချက်ဆောင်ရွက်ပေးနိုင်ရန် နောက်ပိုင်းမှလိုက်လံ
ဆောင်ရွက်ပြီးလွှတ်တော်ကိုယ်စားလှယ်များမှတဆင့်
ဆောင်ရွက်ပေးခဲ့ပါသည်…။
မိဘပြည်သူများအနေ နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်
အဖက်ဖက်က အပြည့်အစုံကူညီနိုင်သောစိတ်ရင်းစေတနာဖြူစင်
စွာမိဘပြည်သူများ အားကိုးထိုက်သောကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ
မှလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ရွှေမင်း ကိုထောက်ခံမဲပေး
ကြပါလို့တောင်းဆိုတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ…..။
#မင်းဘူးစကုနယ်မြေဖွံ့ဖြိုးတိုးတက်ဖို့ဦးစိန်ရွှေမင်းကိုမဲပေးကြပါစို့