ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ တောင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၇ ရပ်ကွက် ဒဂုံသီရိအိမ်ရာ အောင်သိဒ္ဓိဓမ္မာရုံ တွင် ယနေ့နံနက် ၈ နာရီမှ စတင် ၍ ဖြိုးစေတနာအခမဲ့ကျန်းမာရေး အဖွဲ့မှ အထွေထွေရောဂါကုဆရာ ဝန်ဒေါက်တာအောင်နိုင်ဦး၊ သွား ကျန်းမာရေးဆရာဝန် ဒေါက်တာ ဇော်လင်းပြုံးနှင့် အဖွဲ့ဝင်များမှ ပြည်သူများ၏ အထွေထွေရောဂါ များအား စမ်းသပ်စစ်ဆေးပေးခြင်း၊ သွားများအားစစ်ဆေး၍ လိုအပ် သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆေးကုသရာသို့ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒဂုံတောင်နယ်မြေ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ အရှေ့ ပိုင်းခရိုင် ခရိုင်ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ ခရိုင်အမျိုးသမီးတာ ဝန်ခံဒေါ်လဲ့လဲ့အေး၊ ခရိုင်လူငယ် တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ဒဂုံ တောင်မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်း ဌေး၊ မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ဥက္ကဋ္ဌနှင့် လူငယ် အမျိုးသမီးအဖွဲ့ဝင်များမှ နယ်လှည့် ဆေးကုအဖွဲ့နှင့် လိုအပ်သည်များ အား ပူးပေါင်းဆောင်ရွက်၍ ပြည် သူ ၁၅ဝ ခန့်အား ကျန်းမာရေး (အခမဲ့)ကူညီစောင့်ရှောက်ပေးခဲ့ ကြောင်း သိရသည်။

ဇော်မင်းထွဏ်း(ဒဂုံတောင်)