ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂ဝဝ ဝင်ရောက်

 

ကျုံးပျော် သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီသည် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို အထောင်တိုက် နယ် မဲဂရက်ကျေးရွာအုပ်စုတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့ရာ မဲဂရက်ကျေးရွာအုပ်စုမှ ပြည်သူ ၂ဝဝတို့မှ ပါတီသို့ဝင်ခွင့် ပြုရန်အတွက် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။ အခမ်း အနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နယ်မြေ တာဝန်ခံများက ပါတီ၏မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းများ၊ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၂ဝဝ ကို လက်ခံ ကာ ပါတီရင်ထိုးတံဆိပ်များကို တပ်ဆင်ပေးခဲ့သည်။ ပါတီဝင်များ ကိုယ်စား ပါတီဝင်တစ်ဦးကပါတီသို့ဝင်ရောက်ရခြင်းအကြောင်း များ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ကျင်းပပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး