ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြိတ်ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲတက်ရောက်

 

မြိတ် မတ် ၁ဝ

တနင်္သာရီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မြိတ်ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံညှိ နှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို အလုပ်အမှုဆောင် တနင်္သာရီတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးသန်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ ဘဏ္ဍာ ရေးမှူး ဦးထွန်းသိန်း၊ ဗဟိုပါတီ ကော်မတီဝင်ဦးတင်စိုး၊ မြိတ်ခရိုင် ပါတီဥက္ကဋ္ဌဦးဝင်းဆွေ၊တနင်္သာရီ၊ ပုလော၊ ကျွန်းစု၊ မြိတ်မြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများ၊ခရိုင်/မြို့နယ်အဆင့် အတွင်းရေးမှူးများနှင့် ပါတီကော် မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းအောင်က ၂ဝ၂ဝ ပြည့် ရွေးကောက်ပွဲကာလအောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌဒေါက်တာဝင်းအောင်က ပါတီဝင်များအနေဖြင့်စည်းလုံးညီညွတ်မှုဖြင့် ချိတ်ဆက်မှုပိုမိုအားကောင်းလာအောင် ကြိုး ပမ်းဆောင်ရွက်ရေးနှင့်ပတ်သက်၍လည်း ကောင်း၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦး နေမျိုးကတိုင်းဒေသကြီးအတွင်းရှိတိုင်း/ ခရိုင်/ မြို့နယ်များ၏ ပါတီရေးရာကော်မတီဝင်များ အနေဖြင့်ကဏ္ဍအသီးသီးမှ တာဝန်ယူဆောင် ရွက်လျက်ရှိရာတွင်အခြေအနေနှင့်အချိန်အခါ လိုက်၍အောင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်အသေးစိတ် တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူးဦးထွန်းသိန်းက တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီရန်ပုံငွေ ရ/သုံးငွေစာ ရင်းအင်းများစနစ်တကျစီမံ သုံးစွဲဆောင်ရွက် ထားရှိမှု အခြေအနေတို့ကိုအကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်း၊ခရိုင်၊မြို့နယ်များမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးများနှင့် ပါတီကော်မတီဝင်များက ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ခဲ့ကြရာပါတီဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးသန်းအောင်ကပြန် လည် ရှင်းလင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ကျော်လင်း(မြိတ်)