မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဝင်ကတ်ပြားပေးအပ်ပွဲနှင့်မိုးကုတ်မြို့နယ်ပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

 

မိုးကုတ် မတ် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့ ညနေ ၄နာရီက မိုးကုတ်မြို့နယ်ရွှေညောင်ပင် ကျေးရွာဘောလုံးကွင်းတွင် ကျင်းပသော မိုးကုတ်မြို့နယ် ပါတီဝင်ကတ်ပြားပေးအပ်ပွဲနှင့် မြို့နယ်ပါတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပါတီဝင် ၁၈၉ ဦးအတွက် ပါတီဝင်ကတ်ပြားများကို ရပ်/ကျေးပါတီ ဥက္ကဋ္ဌများထံပေးအပ်ခဲ့ပြီးနောက် ပြင်ဦး လွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း ကြည်က ပါတီရင်ထိုးတံဆိပ်များကို ရပ်/ ကျေးပါတီဥက္ကဋ္ဌများထံ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဆက်လက် ပြုလုပ်ခဲ့ရာ မိုးကုတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဘဌေးက ပထမဆုရ ရွှေညောင်ပင် ဘောလုံးအသင်းအား ဆုကြေးငွေကျပ် ငါးသိန်းနှင့် ဒိုင်းဆုအား လည်းကောင်း၊ ဒုတိယဆုရ ကင်းကျေးရွာဘောလုံးအသင်း အား ဆုကြေးငွေကျပ် သုံးသိန်း အား လည်းကောင်း၊ တတိယဆုရ ရွှေညောင် ပင်(စမိုင်း) ဘောလုံးအသင်းအား ဆုကြေး ငွေကျပ် နှစ်သိန်း အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အငယ်တန်း ဘောလုံးပြိုင်ပွဲဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ပြီး ကျေးရွာဘောလုံးကွင်း ဖြစ်မြောက် ရေးအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင် များအား ရွှေညောင်ပင်ကျေးရွာ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးသောင်းစိန်က ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ မိုးကုတ်မြို့နယ် ပါတီဥက္ကဋ္ဌဦးဘဌေး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှအားကစား သမားများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ