“ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ကို ကြည့်ဖို့ လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်”

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကို ကြည့်ဖို့လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။”

”ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ခိုင်မာတဲ့ မူဝါဒများချမှတ်ထားသလို အရည်အချင်းပြည့်ဝတဲ့ ဒေသမှာနေထိုင်ပြီး ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်မဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ရွေးချယ်ထားပြီးဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီနဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေဟာ-

– အမျိုးသားရေးနဲ့ အမျိုးသားအကျိုးစီးပွား ခိုင်မာတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်သွားပါမယ်။

– ပြည်သူလူထု၏စားဝတ်နေရေးနှင့် လူမှုဘဝ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။

– တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးသွားပါမယ်။

– မူးယစ်ဆေးဝါးနှိမ်နင်းရေးအပါအဝင် တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။

– အခြေခံတည်ဆောက်ထားပြီးဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်စေရန် အားပေးကူညီသွားပါမယ်။

– ဒီမိုကရေစီကျင့်သုံးသည့်သမ္မတနိုင်ငံ အဖြစ်ဥပဒေနှင့်အညီ ပီပြင်အောင် တည်ဆောက်မှာဖြစ် ကြောင်း တင်ပြလိုပါတယ်။”