ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အုပ်စုပါတီဥက္ကဌနှင့် ရေးရာတာဝန်ခံများ အသိအမှတ်ပြု ခန့်အပ်လွှာ ပေးအပ်ပွဲကျင်းပပြုလုပ်
ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အုပ်စုပါတီဥက္ကဌနှင့် ရေးရာတာဝန်ခံများ အသိအမှတ်ပြု ခန့်အပ်လွှာ ပေးအပ်ပွဲကို ၁၉.၂. ၂၀၁၈ ရက်နေ့ နေ့လည် ၁းဝဝ နာရီအချိန်က ဇီးတောအုပ်စု ပါတီရုံးရှိရာ ဇီးတောလေးကျေးရွာ ဦးမြင့်စိုးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တာဝန်ပေးအပ်ပွဲသို့ မင်းဘူးခရိုင် ပါတီကော်မတီဝင် ဦးမောင်မောင်ဝမ်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်လင်း၊ အတွင်းရေးမှူး ဦးသန်းနိုင်ဦး၊ အမှတ် ၃ နယ်မြေတာဝန်ခံ ဦးကျော်ဆန်း၊ အမှတ် ၅ နယ်မြေတာဝန်ခံ ဦးသက်ရှည်နှင့် အုပ်စုဥက္ကဌ အုပ်စုရေးရာတာဝန်ခံများ၊ ရပ်မိရပ်ဖပါတီနာယကများ တက်ရောက်ခဲ့ကြပါသည်။
Crd;