ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

 

ရေစကြို ၊ သြဂုတ်​၊ ၁၉

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက်​ ၁၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီးပခုက္ကူခရိုင်​၊ရေစကြိုမြို့နယ်​ သာစည်​အုပ်​စု​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူးမ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ဘဏ္ဍာ​ရေးမှူး
ဦးကြည်​ထွန်း၊ ​တိုင်းပါတီ​ကော်​မ‌တီဝင်​များ ၊ပခုက္ကူခရိုင်​ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်း​ရေးမှူး ဦးမြင့်​နိုင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​​​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​အသစ်​ ၃၇၅ ဦး အပါအဝင်​စုစု​ပေါင်းအင်​အား ၇၀၀ ​​ကျော်​တက်​​ရောက်​ခဲ့ကြပါသည်​ ။

အခမ်းအနားကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊
နိုင်​ငံ​တော်​သီချင်းသီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပြီးမြို့နယ်​ပါတီဥက္ကဌမှ အခမ်းအနားကျင်းပရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်းခဲ့ပြီး ပါတီဝင်​များကိုယ်​စား​ကျေးရွာပါတီဥက္ကဌ ဦးတင်​ပြည့်​မှပါတီဝင်​အဆိုပြုလွှာများ​ပေးအပ်​ရာ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်မှ​​လက်​ခံရယူခဲ့ပြီး ​ကျေးရွာပါတီ​ကော်​မတီဝင်​ ဦး​ဇော်​လွင်​မှ ​ပေးအပ်​​သောပါတီဝင်​​ကြေးများအား မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးချမ်းမင်းမှ ​​လက်​ခံရယူခဲ့ပါသည်​။

‌ပါတီဝင်များကိုယ်စား​​ ဦးဝင်း​ရွှေမှပြည်​ခိုင်​ဖြိုးပါတီသို့ ဝင်​​ရောက်​လာရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်းတင်​ပြခဲ့ပြီး ဗဟိုအတွင်း​ရေးမှူးနှင့်​ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌတို့မှ ကြိုဆိုနှုတ်​ခွန်းဆက်​စကားပြောကြားခဲ့ကြပါသည်​။ ဆက်​လက်​၍တိုင်းပါတီ​ကော်​မတီဝင်​ ဦးဟန်​​မောင်​မှ ပါတီမူဝါဒနှင့်​ လုပ်​ငန်းစဉ်​များ ရှင်းလင်းခဲ့ပြီး
ပါတီဝင်​အသစ်​များအား ရင်​ထိုးတံဆိပ်​တပ်​ဆင်​​ပေးခြင်းများ‌​ဆောင်​ရွက်​ကြကာ နံနက် ၁၁နာရီ ၄၅ မိနစ်​အချိန်​တွင်​ အခမ်းအနားပြီး​မြောက်​ခဲ့​ကြောင်း သိရသည်​။

‌မင်း​ဇော်