သပိတ်ကျင်းမြို့နယ် ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံး ရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို သပိတ်ကျင်းမြို့နယ်ပါတီရုံးတွင် နိုဝင်ဘာ (၂၂) ရက်နေ့က ကျင်းပပြုလုပ် ရာ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းနားကို ဖွင့်လှစ်ပေးခဲ့သည်။

15192736_1138535112908637_3729924024866829362_n

ထို့နောက် သပိတ်ကျင်းမြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့်မှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြခြင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးမှ ပါတီ၏မူဝါဒများ ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ခြင်း၊ online media တာဝန်ခံ ဦးလှိုင်မျိုးဝင်း (ခ) Maung Min Gyithar မှ မီဒီယာကဏ္ဍနှင့် ပတ်သက်သည့် SWOT များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမြမြစိုးမှ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရသုံးငွေ စာရင်း များ ရှင်းလင်းဆွေးနွေးခြင်း နှင့် စည်းရုံးရေးရာကဏ္ဍများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များမှလည်း အားရပါးရ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Maung Min Gyithar


Leave a Reply