သာစည်မြို့နယ် စာသင်ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် သာယာကုန်း ကျေးရွာ၊ နန်းတော်ကုန်းကျေးရွာ၊ မြိုင်သာကျေးရွာ ကျောင်းများ အဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းနားများကို ဇွန်လ (၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းနားများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမိုးမြင့်သိန်း၊ ဦးစံထွန်း၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး နှင့် ပါတီကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကျောင်း၃ ကျောင်းမှာ မူလွန်အဆင့်သို့ ၂ကျောင်း၊ အလယ်ကျောင်းခွဲ အဆင့် သို့ ၁ ကျောင်း တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး သာစည်မြို့နယ်တွင် လွှတ်တော်ကိုယ်စာလှယ်များ၏ ကြိုးပမ်းဆောင်ရွက်ပေးမှုများကြောင့် ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်းသာမက ယခုပညာသင်နှစ် အတွင်း ကျောင်း ဆောင်သစ် ၄၀ ကျော ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Lion Thazi


Leave a Reply