ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် မြို့နယ်ပါတီတို့ ပူးပေါင်း၍ အမျိုးသမီးရေးရာအဖွဲ့ လူငယ်အဖွဲ့များ ဦးစီးပြီး အဟာရလှူဒါန်းခြင်း

 

ယနေ့ (၈-၈-၂၀၁၈) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီ မှ( ၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဒေါ်ဒေါရစ်လေး(အမျိုးသမီးရေးရာတာဝန်ခံ) မှ ဦးဆောင်ပြီး ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ဘောလခဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဝါး တက်ရောက်ကုသနေသောလူနာများအား သွားရောက် ကြည့်ရှုကာ အဟာရမုန့်များ သွားရောက်လှူဒါန်းပြီး အားပေးစကားပြောကြားခဲ့ပါသည်။
ထို့အတူ ဘောလခဲမြို့နယ် ဝမ်ချယ်ကျေးရွာတွင် မွေးလူနာတစ်ဦးအား အဟာရမုန့်နှင့် အလှူငွေ (၂၀၀၀၀) ကျပ် ရှမ်းပိုင်းရပ်ကွက် ပါတီဝင် စည်းရုံး မှူးဟောင်းတစ်ဦးအား အဟာရမုန့်နှင့် အလှူငွေ (၂၀၀၀၀) ကျပ် လက်ရှိ ဘောလခဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် တာဝန်ထမ်းဆောင်နေသော ခွဲမွေးလူနာ မသီတာ (အငယ်တန်းစာရေး) အား အဟာရမုန့်နှင့် အလှူငွေ (၃၀၀၀၀) ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဘောလခဲမြို့နယ် ဝမ်ချယ် အမက ပညာရည်ချွန်ဆု ပေးပွဲအတွက် အလှူငွေ (၅၀၀၀၀)ကျပ် ထပ်မံပေး အပ်ခဲ့လှူဒါန်းခဲ့ပါသည်။
၎င်းအဟာရတိုက်ကျွေးမှု သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မ တီဝင်များဖြစ်ကြသော ဒေါ်ဒေါရစ်လေး(အမျိုးသမီး ရေးရာတာဝန်ခံ) ဘောလခဲမြို့နယ် တာဝန်ခံဖြစ်သည့် ဒေါ်ဗျားမြာမောင်(အမျိုးသမီးရေးရာ ဒု-တာဝန်ခံ) ဒေါ်နန်းယဉ်သီတာထွေး(လူငယ်ရေးရာ ဒု-တာဝန်ခံ) ဒေါ်မော်မော်ခိုင်(ဘဏ္ဍာရေးမှူး) ဘောလခဲခရိုင် အမျိုးသမီးရေးရာတာဝန်ခံနှင့်အဖွဲ့ဝင်များ ဦးချစ်ဦးမောင် (လူငယ်ရေးရာတာဝန်ခံ) ဘောလခဲ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံနှင့် အဖွဲ့ဝင်များ လိုက်ပါသွားကြောင်း သိရှိရသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ