ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း(၁/၂ဝ၁၇)ဖွင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်၌ ယနေ့နံနက် ၉နာရီခွဲတွင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/ ၂ဝ၁၇)ဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားအစီအစဉ်ငါးရပ် ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးက သင်တန်းဖွင့် အမှာစကားပြောကြား၍ မြို့နယ် ပါတီ ဥက္ကဋ္ဌက သင်တန်းဖွင့်ရသည့်ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ပြီး ဘာသာရပ်များအလိုက် စတင် ပို့ချခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နာယကဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ကော်မတီဝင်ဦးနိုင်လင်းသောင်း၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်အတွင်းရေးမှူးဦးနွေနှင်းမောင်၊ ဇေယျာသီရိ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးနောင်နောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စုများမှ စည်းရုံးရေးမှူးများနှင့် ကျေးရွာအုပ်စုများမှ သင်တန်းသား သင်တန်းသူ ၆၆ ဦးတို့ဖြင့် စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)