ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ အမ်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သည့် ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ရောက်ရှိပြီး ဒေသခံ ပါတီဝင် များနှင့်တွေ့ဆုံကာ ပါတီစည်းရုံးရေးကိစ္စများကို ညှိနှိုင်းဆွေးနွေး မှာကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဒေါက်တာစန်းရွှေ (ပြည်နယ်ပါတီဥက္ကဌ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကိုကိုလွင် (ပါတီလုပ်ငန်းစစ်)၊ ဦးမင်းမင်းဇေယျာမြင့်(ပါတီလုပ်ငန်းစစ်)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်း ထိန်းသိမ်းရေး)၊ ဦးအောင်ကျော်ညွန့်(စီးပွားရေးရာ)၊ ဦးကိုကိုနိုင် (သုတေသနနှင့်ပညာရေးဌာနကြီး) တို့နှင့် အတူ ပြည်နယ်အလုပ်အမှုဆောင်များ၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်နှင့် အမ်းမြို့နယ်တို့မှ ပါတီဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများ အင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

အေးဇေယျာ


Leave a Reply