လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနယ်မြေ (၁) ဖောင်ကြီးတိုက်နယ် သို့ ရွေးကောက်ပွဲအောင်နိုင်ရေး ကွင်းဆင်း

လှည်းကူး ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင် ၏ ညွှန်ကြားမှု၊ ခရိုင်အတွင်းရေးမှူး ဦးသန်းဇော် ၏ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ခရိုင်နယ်မြေ တာဝန်ခံ ဦးမင်းနိုင်ဦး၊ မြို့နယ်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးမင်းမင်းစိုး တို့မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နယ်မြေ(၁) ဖောင်ကြီးတိုက်နယ် သို့ စည်းရုံးရေးနှင့် ရပ်ကျေးပါတီကော်မတီဝင်များ ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ် သိရှိ ဆောင်ရွက်နိုင်ရေး အတွက် ကွင်းဆင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 ဆွေးနွေးပွဲသို့ ဖောင်ကြီးတိုက်နယ် မှ ရပ်ကျေး ပါတီကော်မတီဝင်များ ၊စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး အစည်းအဝေး ကို နေ့လည် (12:00) မှ (မှ02:00) အထိ ပြုလုပ်ခဲ့ပြီး၊ လူ (20) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။