ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖများနှင့် ပထမအကြိမ် မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်၌ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၆ ရပ်ကွက်မှ ရပ်မိရပ်ဖများ ပါတီချစ်သူမိတ်ဆွေများနှင့် မြို့နယ် ပါတီကော်မတီအဖွဲ့များ ပထမ အကြိမ်မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌနှင့် တာဝန်ရှိသူများမှ မြို့နယ်ပါတီ၏ ဖွဲ့စည်းပုံနှင့် ယမန်နေ့ အနေအထား များ ပါတီ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းလမ်းစဉ်များအား အသိပေး ရှင်းလင်း တင်ပြခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် ပါတီချစ်သူမိတ်ဆွေများမှ ပါတီတိုးတက်ရာ တိုးတက် ကြောင်းများ အကြံပြုဆွေးနွေးခြင်း ဆုံးမသြဝါဒပေးခြင်းများ ပြုလုပ်ခဲ့ရာ မြို့နယ်ပါတီအဖွဲ့မှ မှတ်သားနာယူခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းပြည်ခိုင်ဖြိုးပါတီ အတိုင်ပင်ခံ ဦးသိန်းလှနှင့် ဦးသိန်းလွင်၊ တိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်ဦးနှင့် ဒေါ်လှလှအေး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း ၊ မြို့နယ်ပါတီ ကော်မတီအဖွဲ့များ ရပ်ကွက်စည်းမှူးများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများစုပေါင်းပြီး အမှတ်တရ တ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပါသည်။

Thurein Linn Myat