မာန်အောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ သြဂုတ်လ (၃၁) ရက် နေ့လည်ပိုင်းက ပြည်နယ်ပါတီကော်မတီ ၀င်များ၊ အရန်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အရန်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ ပြည်နယ်ပါတီ၏ ညွန်ကြားချက်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြည်နယ် ပါတီ၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၂) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


Leave a Reply