ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကျောင်းဖွင့်ချိန်ကာလ၌ ကျောင်းသား ကျောင်းသူများ  အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အတွက် အခြေခံပညာ မူလတန်းကျောင်းအမှတ်(၂)ကျောင်းဝင်းအတွင်းအပြင် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက် ပေးခဲ့ကြသည်။

”ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းသားကျောင်းသူတွေ အဆင်ပြေပြေနဲ့ မြွေအန္တရာယ်ကင်းဝေးအောင် ကျောင်းဝင်းအတွင်းအပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များ ရှင်းလင်းခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်သောအားဖြင့် စာသင်ခန်းမ များအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ကာလအတွင်း အခြေခံပညာကျောင်းများအားလုံး ယာယီပိတ်ထားခဲ့ရပြီး  ယခုအခါ ပညာရေး ဝန်ကြီးဌာနက ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက်  စာသင်ကျောင်းများကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဖွင့်လှစ်ပေးသွား မည်ဖြစ်ရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးဦးဆောင်၍ အတွင်းရေးမှူး ဦးထွန်းလွင်၊ မြို့နယ် ပါတီကော်မတီဝင် ဦးကျော်ကျော်၊ ဦးဇော်မင်းထွန်း၊ ဦးသန့်ဇင်ဝင်း၊ (၂၅)ရပ်ကွက်  အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ (၂၅)ရပ်ကွက် ရပ်ကျေး ပါတီဥက္ကဋ္ဌ ဒေါ်ခင်တိုးနှင့် ပါတီ ကော်မတီဝင်များ၊မြို့နယ်လူငယ်ထု အဖွဲ့ဝင်များက စုပေါင်းလုပ်အား ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းပါတီနာယက  ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း၊ သမီးအိနြေ္ဒကြည်ဖြူမင်း မိသားစုတို့က မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား ကျောင်းသူများ သောက်သုံးနိုင်ရန်အတွက် ငွေကျပ်သုံးသိန်းတန် စတီးရေစည်တစ်လုံးအား လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ထွေးနှင့် ဆရာ ဆရာမများက လက်ခံရယူ၍ ပြည်ခိုင်ဖြိုးပါတီ၏ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်မှုနှင့် လှူဒါန်းမှုများအတွက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။