ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အသက်၇ဝနှင့်အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထုများပူဇော်ကန်တော့

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီက စီအင်ကျေးရွာရှိ အသက် ၇ဝ နှင့် အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထု များပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စီအင်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဖိုင် ဇော်အောင်၏အိမ်၌ကျင်းပရာ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစောမိုးကျော် နှင့်မြို့နယ်ပါတီကော်မတီဝင်များတက်ရောက် ပူဇော်ကန်တော့ကြသည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း က အမှာစကားပြောကြား၍ ခရိုင်ပါတီဝင် ဗန်းမော်မြို့နယ်တာဝန်ခံဦးဇော်မင်းရင်ကပါတီ ၏မူဝါဒများရှင်းလင်းဆွေနွေးခဲ့ပြီး မြို့နယ် ပါတီဝင်ဘဏ္ဍာရေးမှူး ဦးဘရန်တောင်က ပါတီလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ရှေ့လုပ်ငန်း စဉ်များအကြောင်း မြန်မာဘာသာစကား၊ ကချင်ဘာသာစကားတို့ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီဝင် ဒေါ်သဲသဲ အောင်ကပါတီ၏လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်း ဘာသာစကားဖြင့်ရှင်းလင်းဆွေးနွေး၍ခရိုင်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ပါတီဝင်များသည် အသက် ၇ဝ နှင့် အထက် အဘိုး ၁ဝ ဦး၊ အဘွား ၃၂ဦး စုစု ပေါင်း ၄၂ ဦးတို့အား လှူဖွယ်ဝတ္ထုများ ပူဇော် ကန်တော့ခဲ့ကြပြီး လက်ဖက်ရည်၊ ကိတ်မုန့် များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ


Leave a Reply