ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကံမ၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။

ယင်းနောက် မွန်းလွဲ ၂ နာရီတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အဖွဲ့သည် သရက်ခရိုင် ကံမမြို့နယ် ကြို့ပင်ကျေးရွာ ပါတီဝင် ဦးကျော်ဝင်း၏အိမ်တွင် ကံမမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာ မောင်မောင်ဌေး၊ တိုင်းကော်မတီဝင် ဦးဟန်မောင်တို့က လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ ပြည်ခိုင်ဖြိုးပါတီဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးဟန်မောင်၊ ပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် ခရိုင်ကော်မတီဝင်များ၊ ကံမမြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဦးနှင့်ပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၈ဝ ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။