မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်လပတ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

 

၂၀၁၈-ခုနှစ် ၊ သြဂုတ်လ (၂) ရက်နေ့ ၊ မွန်းလွဲ (၁း၁၅) နာရီအချိန် ၊ မိုင်းပျဉ်းပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ လစဉ်ပုံမှန် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက စည်းရုံးရေးရာကိစ္စရပ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ပြည်နယ် အရန်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်း တို့က သက်ဆိုင်ရာ စည်းရုံးရေးကိစ္စရပ်များ ဆွေးနွေးကြပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်နန်းကိန်နွန်း နှင့် မြို့နယ်ပါတီကော်မတီဝင် ဒေါ်မေနှင်းသက်တို့က မြို့နယ်ပါတီက မကြာမှီ ကျင်းပပြုလုပ်မည့် အခြေခံစက်ချုပ်နည်းသင်တန်း ကိစ္စရပ်နှင့် ပတ်သက်၍ တင်ပြဆွေးနွေးပါသည်။ အခမ်းအနားတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းလှဝင်းက ပြည်ခိုင်ဖြိုးရုံးဝင်း သံပန်းတံခါးအတွက် ငွေကျပ် (၁) သိန်းကို လှူဒါန်းပါသည်။ အဆိုပါ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအရ အခြေခံစက်ချုပ်နည်းသင်တန်းကို ယခုလ(သြဂုတ်လ) အတွင်း သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးကို မွန်းလွဲ (၃း၀၀) အချိန်တွင် ရုပ်သိမ်းပါသည်။