တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​ ညှိနှိုင်းအစည်း​ဝေး ကျင်းပ

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးအား ယ​နေ့(၃.၈.၂၀၁၈)​နေ့တွင် ​တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီခရိုင်​အစည်းအ​ဝေးခန်းမတွင်​ ကျင်းပရာ ဗဟို​ကော်​မတီဝင်​ ဦးဝိလ်​ဆင်​မိုးနှင့်​ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ ခရိုင်​ဥက္ကဌ ဦးဘိုစံနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ရပ်​​ကျေးပါတီဥက္ကဌများ၊ အမျိုးသမီး​ရေးရာအဖွဲ့များ ​တွေ့ဆုံခဲ့ကြပြီး ဗဟို​ကော်​မတီဝင် ​​ဒေါ်တင်​​မေထွန်းမှ အဖွင့်​အမှာစကား​ပြောကြားခြင်း၊ အစည်း
အ​ဝေး တက်​​ရောက်​လာကြ​သော ​ကော်​မတီဝင်​များ လိုအပ်​သည်​များကိုတင်​ပြညှိနှိုင်းတိုင်​ပင်​​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။