ဖြူစင်​​မေတ္တာ ပရဟိတအသင်းမှ ဘီးလင်းမြို့နယ်​​ ရေ​ဘေးသင့်ပြည်သူများအတွက် ​လာ​ရောက်​လှူဒါန်းရာ မွန်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေမှူး ကူညီ​ဆောင်​ရွက်

 

ဘီးလင်း၊ သြဂုတ် – ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ပြန်လည် ထူထောင်ရေးအတွက် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ဆရာတော်ကြီးတာ် ဦးကေသရအား အမှုထား၍ ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်တွင် ဘီးလင်းမြို့နယ်ရှိ တဘက်ဆွဲကျေးရွာသို့ လာရောက်လှူဒါန်းကြောင်းသိရသည်။
အဆိုပါလှူဒါန်းရာ၌ တဘက်ဆွဲကျေးရွာ အိမ်ခြေ ၁၆၀၊ အိမ်ထောင်စု ၁၆၀ အတွက် လိုအပ်နေသော ဆန်၊ ၁၂၆ အိတ်၊ ဆီ – ၁၁၁ဗူး၊ ဆား – ၁၆၀၊ ခေါက်ဆွဲ – ၆၃ဖာ၊ ကြက်သွန်နီပိသာ – ၂၀၊ မုန့် ၁၃ ဖာ ၊ အိုဗာတင်း၊ နို့ဆီ၊ ဖယောင်းတိုင်၊ ကုလားပဲ ၃ ပိသာ၊ အထည်ထုပ် ၈ ထုပ်တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာသို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဒေါက်တာခင်မောင်သွင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်းနှင့် မြို့နယ်ကော်မတီဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။