စက်ရေတွင်းတူးဖော်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

MGW3

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းထွန်း ဦးဆောင်မှုဖြင့် အလှူရှင်များ ပူးပေါင်းပြီး ပခုက္ကူမြို့နယ် ကန်ရပ်ကြီးကျေးရွာအုပ်စု၊ ကန်ရပ်ကြီးရွာရှိ ရွာဦးဘုန်တော်ကြီးကျောင်းဝန်းအတွင်း (၄)လက်မ စက်ရေတွင်းတူးဖော်ရန်အတွက် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စက်ရေတွင်းတူးဖော်မည့် နေရာတွင် မြေသန့်ပရိတ်တရားတော်နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေလ (၃၀) ရက်က စက်ရေတွင်းတူးဖော်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပင့်သံဃာငါးပါးတို့အား ပင့်ဆောင်၍ ကန်ရပ်ကြီးကျေးရွာ ရွာဦးကျောင်း ဆရာတော်ဘုရား ထံမှ ငါပါးသီလခံယူကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များ မြေသန့်ကမ္မဝါစာများ ဖတ်ကြာပြီး ပန္နက်မင်္ဂအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်အနာအပြီးတွင် ကျေးရွာသူ/သား များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များမှ မြန်မာ့ထုံးတမ်း စဉ်လာအရ မုန့်လုံးရေပေါ်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ရွှေနွယ်ရိုး (ပခုက္ကူ)


Leave a Reply