တာမွေမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အဖွဲ့ဝင်များရပ်ကွက်သုံးရပ်ကွက်သို့သွားကာလိုက်လံဟောပြော

 

ရန်ကုန် အောက်တိုဘာ ၁၄

တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်းကျော်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်သုံးရပ်ကွက်သို့ သွားကာ လိုက်လံဟောပြောခဲ့သည်။

”ဒီနေ့ ညနေပိုင်းက တာမွေ မြို့နယ်မှာရှိတဲ့တာမွေကြီး(က-ခ) ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ နတ်ချောင်းရပ်ကွက် သုံးရပ်ကွက် ကို သွားရောက်ပြီး ညနေ ၅ နာရီမှ ည ၉နာရီအထိ လိုက်လံဟောပြော ခဲ့ပါတယ်”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။

ယခုလအတွင်း၌ မြို့နယ်ကော် မရှင်အဖွဲ့ခွဲသို့ တရားဝင်အကြောင်း ကြားထားပြီး လူထုဟောပြောပွဲ များ ပြုလုပ်သွားမည် ဖြစ်သော ကြောင့် အချိန်နှင့်နေရာအား အတိ အကျ တင်ထားပြီး ဖြစ်ကြောင်း ၄င်းက ပြောသည်။

TT