တိုင်းဒေသကြီးပါတီကော်မတီဝင်နှင့်ခရိုင်ပါတီဥက္ကဋ္ဌတို့ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲတက်ရောက်

 

ရန်ကုန် ဇူလိုင် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စည်းရုံးရေးနယ်မြေသို့ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဒေါက်တာကျော်စိုးနှင့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်တို့သည် ယခုလ ၁၅ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးသို့ရောက်ရှိပြီး လူ ငယ်ညီလာခံ(၂ဝ၁၈)အတွေ့အကြုံ ရှင်းလင်းပွဲနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်တားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်၊ ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းများကို တက်ရောက် အားပေးခဲ့ကြသည်။

ထို့နောက် ပါတီဗဟိုကော် မတီဝင်များနှင့် ရန်ကုန်(အရှေ့ပိုင်း) ခရိုင်ပါတီဥက္ကဋ္ဌတို့သည် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပါတီရုံး သို့ရောက်ရှိပြီး မြို့နယ်ပါတီကော် မတီဝင်များနှင့်အတူ မြို့နယ်ပါတီ ရုံးအစည်းအဝေးခန်းမဆောင်တွင် ကျင်းပသည့် လူငယ်ညီလာခံ (၂ဝ၁၈)သို့ မြို့နယ်ကိုယ်စားပြု တက်ရောက်ခဲ့သည့် လူငယ်ကိုယ် စားလှယ်နှစ်ဦး၏ အတွေ့အကြုံ ရှင်းလင်းပွဲသို့တက်ရောက်ခဲ့ကြရာ အခမ်းအနားကို မွန်းလွဲ ၁နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်း ဖြင့်သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသ ကြီးပါတီကော်မတီဝင်နှင့် ခရိုင် ပါတီဥက္ကဋ္ဌတို့က အသီးသီးအဖွင့် အမှာစကား ပြောကြားကြသည်။ ထို့နောက် လူငယ်ညီလာခံ(၂ဝ၁၈) သို့တက်ရောက်ခဲ့ကြသည့် မြို့နယ် ပါတီကော်မတီဝင်၊ မြို့နယ်လူငယ် တာဝန်ခံ ဒေါ်ခင်ဇာနည်သန့်နှင့် ပါတီဝင်ဒေါ်ကေဇင်လင်း (အတတ် ပညာရှင်)က လူငယ်ညီလာခံ၏ အတွေ့အကြုံများကို တက်ရောက် လာကြသည့် ပါတီဗဟိုကော်မတီ ဝင်များနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ နှင့် လူငယ်ပါတီဝင်များအား ရှင်း လင်းတင်ပြကြသည်။ လူငယ်ညီ လာခံအတွေ့အကြုံရှင်းလင်းပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဝင်စုစုပေါင်း ၇ဝတက်ရောက်ကာ အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီကော်မတီဝင်(နယ်မြေတာ ဝန်ခံ)နှင့်ခရိုင် ပါတီဥက္ကဋ္ဌတို့သည် မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှ မျိုးနှင့်ကော်မတီဝင်တို့၏ဦးဆောင် ကြီးကြပ်မှုဖြင့် အမှတ် (၁၅၆) ရပ် ကွက်ရှိ အမက(၂၂)နှင့် ရပ်ကွက်ရှိ နေအိမ်များအား သွေးလွန်တုပ်ကွေး ကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း နှင့် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက် နေမှုများအား အားပေးလမ်းညွှန် ပေးကြပြီး လေးထောင့်ကန်ကျေး ရွာနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် စာသင်ကျောင်းများ၊ နေအိမ်များ အား သွေးလွန်တုပ်ကွေးကာကွယ် ရေးအဘိတ်ဆေးခတ်ခြင်းနှင့် ခြင် ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

စိုးမိုး(ဒဂုံအရှေ့)