ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အစည်းအဝေးပြုလုပ်ရာ (၁၇.၇.၂၀၁၈) ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း ရောက်ရှိလာပြီး သြဝါဒမိန့်ခွန်းစကားပြောကြားပြီး မိုင်းယောင်းမြို့နယ်အတွင်းရေးမှူး ဦးစိုင်းခမ်းလူးမှ လည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး၊ မိုင်းဖြတ်မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်မှလည်းကောင်း၊ မြို့နယ်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်းမှ ခရိုင်၏ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ညနေ (၄း၁၅) အချိန်တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။