ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကျင်းပ

 

ရန်​ကုန်​တိုင်း​ဒေသကြီး(​မြောက်​ပိုင်း)ခရိုင်​​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးခန်းမတွင်​ယ​နေ့မွန်းလွဲ၁နာရီကနိုင်​ငံ​ရေး​ဆွေး​နွေးပွဲကိုအင်​အား၁၀၀​ကျော်​ဖြင့်​ကျင်းပခဲ့သည်​။
အဆိုပါအခမ်းအနားသို့ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​-​​ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​​ကော်​မတီဝင်​များ-ရပ်​​ကျေးဥက္ကဌများနှင့်​ရပ်​​ကျေး​ကော်​မတီဝင်​များ- ​ရွှေပြည်​သာမြို့နယ်​စာ​ရေးဆရာများအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)နှင့်​တကွစိတ်​ပါဝင်​စားကြသည့်​ပြည်​သူများတက်​​ရောက်​ခဲ့ကြသည်​။

အစီအစဉ်​အရအခမ်းအနားကိုနိုင်​ငံ​တော်​သီချင်းဖြင့်​သီဆိုဖွင့်​လှစ်​ပြီးခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​ကအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးယခုဖြစ်​​ပေါ်​နေ​သောနိုင်​ငံ​ရေးကိစ္စများနှင့်​ပတ်​သက်​၍မြို့နယ်​ဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​စာ​ရေးဆရာအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)တို့က​ဆွေး​နွေးချက်​များကိုကဏ္ဍအလိုက်​တစ်​ဦးစီသီးခြား​ဆွေး​နွေးခဲ့ကြပြီး၎င်း​ဆွေး​နွေးချက်​များအ​ပေါ်မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှပြန်​လည်​​ဖြေရှင်း​ပြောကြားသည်​။
ထို့​နောက်​​ဆွေး​နွေးချက်​များကိုသ​ဘောထားထုတ်​ပြန်​ကာဇာတိမာန်​သီချင်းဖြင့်​သီဆိုကာအခမ်းအနားကို​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်​။