မအူပင်ပြည်ခိုင်ဖြိုးပါတီသင်တန်းဆင်းပွဲ လပတ်စည်းဝေးပွဲနှင့် လူငယ်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

မအူပင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ လပတ်ပုံမှန်အစည်း အဝေးနှင့် လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် မအူပင်ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော် မတီဝင်မအူပင်ခရိုင်တာဝန်ခံဦးသန်းထွန်းက သင်တန်းဆင်းဂုဏ်ပြုအမှာ စကားပြောကြားခြင်း၊ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၁)သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားကိုယ်စားလှယ်များ သို့ပေးအပ်ခြင်း၊ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်က ဆက်လက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းများအခြေအနေအား ရှင်းလင်းပြောကြားခြင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ခရိုင်လူငယ်တာဝန်ခံ ဦးဝင်းကျော်ကျော်က အမှာစကားပြောကြားခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြို့နယ်လူငယ်တာဝန်ခံ ဦးတင်အောင်ရွှေက လူငယ်ညီလာခံအကြောင်းရှင်းလင်းတင်ပြခြင်း၊ ဗဟို လူငယ်ညီလာခံသို့ တက်ရောက်ခဲ့သည့် လူငယ်မောင်အောင်ဇော်လင်းက လူငယ်ညီလာခံ၏ရည်ရွယ်ချက်ခုနစ်ချက်၊ ရှေ့လုပ်ငန်းစဉ်ငါးချက်တို့အား ရှင်းလင်းခြင်း၊ လူငယ်ညီလာခံကိုယ်စားလှယ် မသူဇာနွယ်က”၂ဝ၂ဝ အောင်နိုင်ရေးနှင့်လူငယ်များအခန်းကဏ္ဍ”စာတမ်းအား ဖတ်ကြားရှင်း လင်းခြင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်၊ ခရိုင်တာဝန်ခံဦးသန်းထွန်း က နိဂုံးချုပ်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော် မတီဝင် မအူပင်ခရိုင်တာဝန်ခံဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ်အတွင်းရှိ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ၊ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း သားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)